တရုတ်နယ်မြေကျူးကျော် ခြံစည်းရိုးခတ်သည့် နောင်ခမ်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ နေအိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သိရသည်။

မြို့နယ်မီးသတ်အဖွဲ့နှင့် ရွာသူရွာသားများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း နှင့် မည်သည့်အကြောင်းရင်းကြောင့် မီးလောင်ကျွမ်းရသည်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

Taifreedom

Facebook

သတင်း