ကျိုင်းတုံမြို့နယ်တွင် RCSS နှင့် TYO တို့ပူးပေါင်းပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် ထပ်မံကူညီထောက်ပံ့

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် RCSS ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေး တာဝန်ရှိပုဂ္ဂိုလ်များ နှင့် TYO တို့ပူးပေါင်းပြီး ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် ကူညီထောက်ပံ့ပေးသည့်အပြင် သျှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း RCSS ကျန်းမာရေးဝန်ထမ်းများမှ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်စဥ်များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC)မှ ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးထံသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးပို့ခဲ့သဖြင့် ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းလူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းကျင်းကျေးရွာအုပ်စု ကြိုးဖြူကျေးရွာ ၊ ဝပ်လေကျေးရွာ ၊ လွိုင်မွေမြို့နယ် ဟိုကျင်းကျေးရွာ(အထက်)ရှိ အိမ်ခြေ ၂၁၁ အိမ်တွင် နေထိုင်သော ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ၊ ဆန် နှင့် စားသုံးဆီများဖြင့် သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် RCSS ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ၊ ကျိုင်းတောင်းမြို့နယ် ၊ လင်းခေးမြို့နယ် ၊ မိုင်းပန်မြို့နယ်တွင်းရှိ ကျေးရွာများ ၊ ကျေးရွာအုပ်စုများတွင်နေထိုင်သော ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင်လည်း ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းလူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းသျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ပန်လေကျေးရွာ ၊ နမ့်လင်းကောင်းကျေးရွာ နှင့် နမ့်လင်းမိုင်ကျေးရွာတွင် နေထိုင်သော ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ၊ ဆန် နှင့် စားသုံးဆီများဖြင့် သွားရောက် ကူညီထောက်ပံ့ခဲ့သည်။

Taifreedom

Facebook

သတင်း