(၈) ကြိမ်မြောက် JICM ထိပ်သီးအစည်းအဝေး နေပြည်တော်တွင် စတင်ကျင်းပ

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘာတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်းအ၀ေး (JICM) ကို ယနေ့ ၂၀၂၀ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်နေ့၊ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ စတင်ကျင်းပလျက်ရှိသည်။

အစည်းအဝေးတွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

8th JICM meeting
photo- NCA-S-EAO

အစည်းအဝေးသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့မှ ခေါင်းဆောင်များ နှင့် အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ဘက်မှ ဒုတိယကာကွယ်ရေး စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

JICM သို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်း ၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အထွေထွေအတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး ၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးတို့ တက်ရောက်ကြကြောင်း သိရသည်။

Taifreedom

Facebook

သတင်း