အရက်ဘက်အဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များမှ JMC-S ထံ တောင်းခံစာပေးပို့

သျှမ်းပြည်တောင်ပိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းကွန်ယက်များ နှင့် ဒေသခံပြည်သူများ ၊ စစ်ဘေးရှောင်ဒုက္ခသည်များတို့ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားသည့် အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ တိုက်ပွဲများ ရပ်တန့်နိုင်ရန်အတွက် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ထံသို့ စာဖြစ်ပေဖြစ် တရားဝင်တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု စစ်ဘေးရှောင်ပြည်သူများမှ ကျောက်မဲမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် RCSS/SSA နှင့် တပ်မတော်တို့၏ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ အသက်လုစစ်ဘေးရှောင်နေရပြီး အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၊ ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်လာရောက်နားခိုနေရသဖြင့်ပြည်ထောင်စုနိုင်ငံတော်မှ COVID-19 ကာကွယ်ရေးအတွက် ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများလိုက်နာဆောင်ရွက်ရန်အတွက် အခက်အခဲရှိနေကြောင်း နှင့် စားဝတ်နေရေးအတွက်လည်း အခက်အခဲများကြုံတွေ့နေရသဖြင့် တပ်မတော်နှင့် RCSS/SSA တို့ နှစ်ဦးနှစ်ဘက်ကြားတွင် ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရန်အတွက် မိမိတို့စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သျှမ်းပြည်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)မှ ကူညီဆောက်ရွက်ဖြေရှင်းပေးရန် လေးစားစွာဖြင့် တောင်ခံအပ်ပါသည်ဟု ရေးသားထားပါသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်းမှ အရပ်ဘက်အဖွဲ့အစည်းကွန်ယက်များ စုစုပေါင်း ၄၄ ဖွဲ့နှင့် ဒေသခံပြည်သူ စုစုပေါင်း ၆၅ ဦးတို့ပူးပေါင်းပြီး တင်ပြတောင်းဆိုသည့် စာစောင်တွင်  ယခုလက်ရှိမချိန်တွင် ပြည်ထောင်စုမြန်မာတစ်နိင်ငံလုံးရှိ ဒေသခံပြည်သူများမှ COVID-19 ရောဂါကြောင့် မိမိတို့၏ ကျန်းမာရေးအတွက် အထူးဂရုစိုက်နေရခြင်း ၊ လုန်ငန်းများ ဝင်ငွေများ ရပ်တန့်နေခြင်း ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် တိုက်ပွဲများကြောင့် အသက်အန္တရာယ်အတွက်ပါ ပူပန်‌နေရပြီး စစ်ဘေးရှောင်ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင်နေသူများ ၊ မသန်စွမ်းသူများ ၊ ရက်သားအရွယ် ကလေးငယ်များ ပါဝင်နေပြီး မကြာမီးကျင်းပမည့် ရွေးကောက်ပွဲအား ရပ်တန့်ရမည့်အနေအထား ၊ ဒေသခံပြည်သူများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးရမည့် အလားအလာမြင်နေရသဖြင့် မလိုလားအပ်သော ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်းမဖြစ်ပေါ်စေရန်အတွက် တပ်မတော်နှင့် RCSS/SSAတပ်ဖွဲ့တို့ ပတ်ခတ်မှုရပ်စဲပြီး ဆွေးနွေးညှိနှိုင်းပေးပါရန် အရပ်ဘက်အဖွဲ့အစည်းများမှ တိုက်တွန်းအပ်ပါသည်ဟု ရေးသားထားပြီး အောက်တိုဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ထံသို့ တရားဝင်ပေးပို့ တောင်းဆိုခဲ့ပါသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေသတွင်းသတင်းပေးပို့ချက်အရ ကျောက်မဲမြို့နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များမှာ တောင်ထိပ်ကျေးရွာအုပ်စု တောင်ထိပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၆၄၆ ဦး ၊ ကောင်းမှူးခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၅၀ ဦး ၊ ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၇၁၈ ဦး ၊ ကွန်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၉၇ ဦး ၊ ပင်ပေါ်ကျေးရွာအုပ်စု ကောင်းလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၈၆ ဦး ၊ ခန့်ခဲကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၈၆ ဦး ၊နောင်ကွမ်ကျေးရွာအုပ်စု နောင်ကွမ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၉၅ ဦး ၊ ဟဲကွီကျေးရွာအုပ်စု ဟဲကွီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၂၅ ဦး ၊ နားဆောင်းကျေးရွာအုပ်စုတွင် ၁၇၀ ဦး နှင့် အုမ်ဟစ်ကျေးရွာအုပ်စုတွင် ၄၃၀ ဦး စုစုပေါင်း ၃၅၀၃ ဦးရှိကြောင်း သိရှိရပါသည်။

Taifreedom

ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု စစ်ဘေးရှောင်ပြည်သူများမှ JMC-Sထံပေးပို့သည့် စာရွက်စာတမ်း

သျှမ်းပြည်တောင်ပိုင်းမှ အရပ်ဘက်အဖွဲ့အစည်းကွန်ယက်များ စုစုပေါင်း ၄၄ ဖွဲ့နှင့် ဒေသခံပြည်သူ စုစုပေါင်း ၆၅ ဦးတို့ပူးပေါင်းပြီးJMC-Sထံပေးပို့သည့် စာရွက်စာတမ်း

Facebook

သတင်း