အမေရိကန်ရောက် သျှမ်းတိုင်းရင်းသားတစ်ဦးမှ RCSS/SSA အတွက် ထောက်ပံ့ငွေလှူဒါန်း

သျှမ်းပြည်တပ်မတော်အတွက် တစ်ဖက်တစ်လှမ်းမှ ကူညီထောက်ပံ့ပေးနိုင်ရန် အတွက်ရည်ရွယ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်  RCSS/SSA ထံ အမေရိကန်ရောက် သျှမ်းတိုင်းရင်းသား တစ်ဦးမှ အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့နေ စိုင်းခွန်ဖား မှ အမေရိကန်ဒေါ်လာ ၅၀၀၀ (မြန်မာငွေ ၇ သန်းကျော်) ကို ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်သားများအတွက် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းခွန်ဖားသည် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဦးစီးချုပ်ဟောင်း  ဗိုလ်မှူးကြီး စံမိန်း၏ညီဖြစ်သည်။

ပေးပို့လှူဒါန်းလာသော ဒေါ်လာငွေ ၅၀၀၀ ကို သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူတစ်ဦးက လက်ခံရရှိထားပြီဖြစ်ပြီး ရှေ့တန်းရောက် RCSS/SSA တပ်သားများထံ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း