တြိဂံတိုင်းစစ်ဌာနချုပ် (တစခ) လက်အောက်ခံ
(ကျိုင်းတုံ) တပ်မတော် တပ်ရင်း၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့်
သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တပ်မတော်တို့ သျှမ်းပြည်အရှေ့ပိုင်း
မိုင်းပျဥ်းမြို့နယ် မိုင်းပူးလုံအုပ်စုအတွင်း၌
ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
၂၀၁၉
ခုနှစ် ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်
တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA)
ထိန်းချုပ်ဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်မြို့နယ်
မိုင်းပူးလုံကျေးရွာအုပ်စု ပိန်းဆန်းကျေးရွာ အရှေ့ဘက်တွင် လှုပ်ရှားနေသည့်
သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့အား တပ်မတော် (တပ်ရင်းအမှတ်မသိရသေး)
မှ အင်အား ၄၀ ကျော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သောကြောင့် နှစ်ဖက်တပ်များ
ယနေ့ နံနက် ၁၀ နာရီမှ ၁၀ နာရီခွဲအထိ မိနစ် ၃၀ ကြာ
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်မြေပြင် သတင်းပေးပို့ချက်အရ သိရှိရသည်။
တိုက်ပွဲတွင်း
တပ်မတော်၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးဘဲ သျှမ်းပြည်တပ်မတော်
(RCSS/SSA) ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်
ပတ်သက်ပြီး နယ်မြေတွင်းလှုပ်ရှားကာ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးလှုပ်ငန်းများ လုပ်ဆောင်နေသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA)
တပ်ဖွဲ့အား နယ်မြေတွင်းမှ အပြီးတိုင် ထွက်ခွာရန်အတွက်ရည်ရွယ်ပြီး
မူးယစ်ဆေးရောင်းဝယ်သူအချို့က တြိဂံတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) ထံ
သျှမ်းပြည်တပ်မတော် (RCSS/SSA)တပ်ဖွဲ့၏ သတင်းအချက်အလက်များ
သွားရောက်တိုင်ကြားမှုနှင့် ပတ်သက်နိုင်သည်ဟု ဒေသတွင်း သတင်းပေးပို့ချက်အရ
သိရသည်။
တြိဂံတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက်ခံ
တပ်ရင်းများဖြစ်သည့် တပ်မတော် ခြေမြန်တပ်ရင်းအမှတ် ၅၁၉ ၊ ၅၅၃ နှင့် ၅၇၉
တို့သည် မိုင်းပျဥ်းမြို့နယ်တွင်း လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော်
(RCSS/SSA) တပ်ဖွဲ့များအား လိုက်လံရှာဖွေနေလျှက်ရှိရာ ယနေ့ ဇွန်လ ၂၆
ရက်နေ့တွင် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တပ်မတော်မှ
ယခု ဇွန်လ ၃၀ ရက်နေ့အထိ သျှမ်းပြည်နယ်အပါအဝင် စစ်တိုင်း ၅ တိုင်းတွင်
စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဖြစ်ပြီး အပစ်ရပ်
ကြေငြာထားသည့် ကာလဖြစ်သည်။
အပစ်ရပ်ကာလဖြစ်သော်လဲ တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် RCSS/SSA နှင့် တပ်မတော်တို့ ယနေ့တိုက်ပွဲ ဖြစ်ပွား
