အစိုးရတပ်မတော်မှ RCSS၏ COVID-19 စစ်ဆေးရေးဂိတ်တစ်ခုအားဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအတွက် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ COVID-19 စစ်ဆေးရေးဂိတ်အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)၏ တိုင်းမှုးအမိန့်ဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရတပ်မတော် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း(ခမရ ၅၇၅) အင်းအား ၄၀ ခန့်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် အမိန့်အရ သျှမ်းပြည်တောင်ပ်ုင်း မိုးနဲမြို့နယ် နားခန်ကျေးရွာမှ ကျိုင်းတောင်းမြို့သို့ သွားရာလမ်းတစ်နေရာတွင် လမ်းသွားလမ်းလာ ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်း စသည့် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရန်အတွက် တည်ဆောက်ထားသည့် COVID-19 စစ်ဆေးရေးဂိတ်အား လာရောက်ဖျက်ဆီးခဲ့ပြီး နားခန်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် COVID-19 စစ်ဆေးရေးဂိတ်တွင် ဒေသခံပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် RCSS ကျန်းမာရေးဝန်ထမ်းများထံသို့ လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးဝန်ထမ်း နှင့် အစိုးရရဲတပ်ဖွဲ့ဝင် ၂ ဦးတို့သည် ကားတစ်စီးဖြင့် လာရောက်၍ ၎င်းတို့ထံ ခွင့်ပြုချက်မရရှိပါက COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ကတည်းက RCSS ကျန်းမာရေးဝန်ထမ်းများလည်း မိမိနေရာသို့ ပြန်လည်ဆုတ်ခွာပေးပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် အဆိုပါကျန်းမာရေးဝန်ဆောင်မှုဂိတ်အား သွားရောက်စောင့်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

အဆိုပါ် နားလောကျေးရွာအုပ်စု မိုင်းပန်မြို့နယ် အခြေစိုက်သည့် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ-၅၇၅)သည် အမှတ် ၁၇ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်(စကခ-၁၇)၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ-ခိုလမ်)၏ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း