အစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ကျိုင်းတုံမြို့တွင် ထပ်မံတွေ့ဆုံ

ယနေ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ ၊ တပ်မတော်ကိုစားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ ကိုယ်စားလှယ်များသည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort ဟိုတယ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲအား အစိုးရဘက်မှ အမျိုးသားပြန်လည်သင်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှ ဒုတိယ ဥက္ကဋ္ဌပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ၊  ငြိမ်းချမ်းရေးကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၊  တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် KIO/KIA မှ ကွမ်ထောင်ထိန်နန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၊ TNLA မှ အထွေထွေအတွင်းရေးမှူး တာဘုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၊ AA မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၊ MNDAA မှ ဒုတိယစစ်ဦးစီးချုပ် ရန်ဝင်ကျုံး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပဏာမအပစ်ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေး ၊ တပ်နေရာချထားရေး စသည့် အချက်များဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်ဘက်မှ ၂၀၁၉ စက်တင်ဘာလ ၂၁ ရက်နေ့အထိ အပစ်ရပ်ထပ်မံတိုးမြှင့်ခြင်းနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ MNDAA , AA , TNLA ဘက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်လတာ အပစ်ရပ်ထုတ်ပြန်ကြေညာထားသော်လည်း ပြီးခဲ့သည့်၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂-၁၃ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တွင် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း