အင်တောမြို့နယ်တွင် RCSS/SSAမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အင်တောမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းမှ မူးယစ်ဆေးဝါးပတ်သက်သူတစ်ဦးအား သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဒေသခံပြည်သူများမှ သတင်းပေးပို့ တောင်းဆိုချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်းပြီး အင်တောမြို့နယ် နောင်ဝိုးကျေးရွာအုပ်စု နောင်ဝိုးကျေးရွာတွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူ လုံးပန်းအား သက်သေခံပစ္စည်းများဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၃၅၀၂ ပြား ၊ ဘိန်းစိမ်း ၁၀ ကျပ်သား ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ငွေ ၉၀၈၀၅၀ ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါမူးယစ်ဆေးဝါးနှင့် ပတ်သက်သူအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် မွန်းမံမှုလုပ်ငန်းစဥ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် RCSS/SSA နယ်မြေခံတပ်ရင်းမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦးအား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၈၅၃ ပြား ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

Taifreedom

Facebook

သတင်း