ဟိုပုံကျေးရွာအုပ်စု ဒေသခံလူငယ်များ စုပေါင်းပြီး ကျေးရွာတားမြစ်ချက်ဆိုင်းဘုတ်များ တပ်ဆင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုပုံကျေးရွာအုပ်စုတွင်းရှိ ဒေသခံလူငယ်များစုပေါင်းပြီး ဟိုပုံကျေးရွာအုပ်စု ဒေသတွင်းရှိ လမ်းများတွင် ကျေးရွာနယ်မြေတွင်း တားမြစ်ချက်ဆိုင်းဘုတ်များ တပ်ဆင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် နမ့်ခမ်းမြို့နယ် ဟိုပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် ဟိုပုံကျေးရွာ ၊ နမ့်မကျေးရွာ ၊ ဝိန်ကန်း‌ကျေးရွာ ၊ လွိုင်လင်ကိုင်ကျေးရွာ ၊ ဝမ်သေကျေးရွာ စသည့်ကျေးရွာများမှ လူငယ်အဖွဲ့များ စုပေါင်းပြီး ဟိုပုံကျေးရွာနယ်တွင်း ငါးများ ရှော့မတိုက်ရ ၊ အဆိပ်ရည်များမပစ်ရ ပုံ/ဟိုပုံကျေးရွာအုပ်ချုပ်ရေးမှူး ဒေသတွင်း‌‌ကျေးရွာနယ်မြေမှ တားမြစ်ချက်ဆိုင်းဘုတ်များအား ကျေးရွာလမ်းမကြီးများနှင့် ကျေးရွာအနီးတစ်ဝှက်တွင် တပ်ဆင်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်၍ ‌ကျေးရွာနယ်တွင်းတားမြစ်ချက်များအပြင် မူးယစ်ဆေးဝါးမှု ၊ ခိုးမှု စသည့် အမှုကြီးငယ်များအား ကျူးလွန်မိသူများကို ကျေးရွာ၏စည်းမျဥ်းစည်းကမ်းအရ အ‌ရေးယူသွားမည်ဟု သိရပါသည်။

Taifreedom

Facebook

သတင်း