သျှမ်း-ထိုင်းနယ်စပ်ရှိ ဝ တပ်သားများနှင့်မိသားစုဝင် ၄၀ ခန့် ရေအဆိပ်သင့်

သျှမ်းတောင်ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ခိုင်းလုံကျေးရွာ သျှမ်း-ထိုင်းနယ်စပ်ဒေသတစ်လျှောက်ရှိ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တပ်မ (၁၇၁) လက်အောက်ခံ တပ်ရင်း (၇၇၈) မှ တပ်သားများ နှင့် မိသားစုဝင်များသည် စမ်းချောင်းတွင်းမှ ရေများသောက်သုံးပြီးနောက် မူးဝေအော့အန်တာ ၊ ဝမ်းလျှောတာ ၊ ဗိုက်အလွန်အကျွံနာတာ စသည်တို့ကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ပန်မတ်ဖာ့မြို့နယ် ပန်မတ်ဖာ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် အဆိုပါ လူနာများကို ထိုင်းနယ်စပ်ဒေသရှိ ဒေသခံများ၏ အကူအညီဖြင့် ထိုင်းနိုင်ငံ ပန်မတ်ဖာ့ဆေးရုံသို့ ပထမဦးဆုံးအနေဖြင့် ၁၁ ဦး ပို့ဆောင်ဆေး ကုသခဲ့ရာ အချို့မှာ ကားပေါ်မှာပင် သတိလစ်နေကြောင်း ထိုင်းခေါဝ်ဆွတ်သတင်းအရ သိရသည်။

၄င်းနောက် အဆိပ်သင့်သူ ၁၀၀ ကျော်ရှိပြီး စိုးရိမ်လူနာများကို ပန်မတ်ဖာ့ဆေးရုံသို့ ၄င်းနေ့ည ၁၁ နာရီခွဲအချိန်ခန့်တွင် ထပ်မံပို့ဆောင် ဆေးကုသခဲ့ကာ စိုးရိမ်လူနာ ကျား ၃၇ ဦး မ ၂ ဦး စုစုပေါင်း ၃၉ ဦး ရှိကြောင်း သိရသည်။

သျှမ်း-ထိုင်းနယ်စပ်ရှိ ဝ တပ်သားများနှင့်မိသားစုဝင် ၄၀ ခန့် ရေအဆိပ်သင့်

ဖြစ်စဥ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ် (၁၇၁) တပ်ဗျူဟာမှူးအား မေးမြန်းရာတွင် လွန်ခဲ့တဲ့ရက်ပိုင်းတွင်းက ဒေသခံများ ၄င်းတို့၏ စိုက်ခင်းထဲတွင် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးဖြန်းခဲ့ကြောင်း ၊ ထိုနေရာများမှာ ရေအရင်းအမြစ်နေရာဖြစ်၍ ဆေးဖြန်းပြီး မကြာမီ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ပိုးသတ်ဆေးများပါဝင်သည့်ရေများ စမ်းချောင်းတွင်းသို့ စီးဝင်လာပြီး ဒေသခံများက ထိုရေများကို ခူးခပ်သောက်သုံးခဲ့သောကြောင့် မူးဝေအော့အန်တာ ၊ ဝမ်းလျှောတာ ဗိုက်နာတာတွေဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ယခုအချိန်တွင် ဆရာဝန်များက လူနာများကို ကြတ်မတ်စွာ ကုသပေးလျှက်ရှိပြီး ၄င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ တပ်ဗျူဟာမှူးနှင့် ထိုင်းတာဝန်ရှိသူများ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Facebook

သတင်း