သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ပန်နင်းကျေးရွာအုပ်စု ဟူးနန်းကျေးရွာအနီးတွင် တပ်မတော်နှင့် TNLAတပ်ဖွဲ့တို့ ၁ ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA တပ်စခန်းအား တပ်မတော်မှသိမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မိုင်းငေါ့မြို့နယ် ပန်နင်းကျေးရွာအုပ်စု ဟူးနန်းကျေးရွာအနီးတွင် နံနက် ၈း၀၀ နာရီခန့်၌ တပ်မတော်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ နေ့လည် ၁၁း၀၀ အချိန်ခန့်တွင် တပ်မတော်ဘက်မှ လေယာဥ်ကိုအသုံးပြု၍ ကူပစ်ခဲ့ပြီး ညနေ ၄း၀၀ နာရီခန့်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအပြီးတွင် တပ်မတော်မှ TNLA တပ်စခန်းအား သိမ်းဆီးရမိခဲ့သည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

တိုက်ပွဲတွင်းတွင် TNLA တပ်ဖွဲ့ဘက်မှ တပ်စိတ်မှူးတစ်ဦးကျဆုံးခဲ့ပြီး တပ်သား ၂ ဦးဒဏ်ရာရရှိကာ တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုအား အသေးစိတ်မသိရှိရသေးကြောင်း သတင်းရရှိထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်းသျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် တပ်မတော်နှင့်TNLA တပ်ဖွဲ့တို့ အချိန်တစ်ခဏကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ TNLA တပ်ဖွဲ့၏ စစ်သုံးပစ္စည်းများဖြစ်သည့် TNLA ယူနီဖောင်းထည့်ထားသော ဆာလာအိပ်ကြီး ၇၇ အိပ်၊ အမ် ၂၂ -၃၉ လက် ၊ အမ် ၂၁ – ၆၉ လက် ၊ အမ် ၁၆ – ၉ လက် ၊စက်လတ်(မျိုးစုံ) – ၂၉ လက် ၊ RPG(အကြီး) – ၁၆ လက် ၊RPG(အသေး) -၆ လက် ၊ (၁၂)ဗိုဆလိုက်သေနတ် – ၂ လက်နှင့် လက်ပစ်ဗုံး ၃၇ လုံးတို့အား သိမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း