သျှမ်းပြည်တွင် COVID-19 ရောဂါကူးစက်ခံရသူ တစ်ဦးတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးနှင့်အတူ ပြင်သစ်နိုင်ငံသား ၃ ဦးထံတွင် ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့ ည ၇ နာရီခွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁၄ (Case-14) သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် (၂၄) နှစ် အရွယ် အမျိုးသားသည် မတ်လ (၂၅) ရက်နေ့တွင် ဘန်ကောက်မှ တာချီလိတ်သို့ ရောက်ရှိခဲ့ကာ တာချီလိတ်တွင် (၂) ည တည်းခိုပြီး မတ်လ (၂၇) ရက်နေ့တွင် တာချီလိတ် မှ မန္တလေးသို့ လေကြောင်းခရီးဖြင့် သွားခဲ့သူဖြစ်ကြောင်း သိရသည်။ မတ်လ ၂၈ ရက်နေ့တွင် အလွန်အမင်း အန်ခြင်း ၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများခံစားရသဖြင့် ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူပြီး ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မတ်လ ၂၈ ရက်နေ့၏ ထုတ်ပြန်ချက် တွင်ပါရှိသော COVID-19 ရောဂါပိုးကူးစက်ခံရသည့် ဧည့်လမ်းညွန်အမျိုးသမီးနှင့် ပတ်သက်၍ ၎င်းဧည့်လမ်းညွန်ပေးခဲ့သော ပြစ်သစ်နိုင်ငံသား (၄) ဦးအား ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး ဓါတ်ခွဲစစ်ဆေးမှုအရ ၎င်းတို့ ၄ ဦးအနက် ၃ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ယခုလက်ရှိအခြေအနေတွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၄ ဦးနှင့်  စောင့်ကြည့်လူနာ ၂၈၈ ဦးရှိပြီး ၎င်းတို့အနက် COVID-19 ရောဂါပိုး ကူးစက်ခံရသည်ဟု ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေတွင် အတည်ပြုထုတ်ပြန်ခဲ့သော မဂႅလာတောင်ညွန့်မြို့နယ် နေထိုင်သော အသက် ၆၉ နှစ် အမျိုးသားသည် ယနေမနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း