သံဃာတော်၏ ဦးဆောင်မှုဖြင့် ကောင်းဝိန်းကျေးရွာတွင် ဆန်းဒေးဓမ္မစကူးလ်ကျောင်းဆောင်သစ်ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျောင်းထိုင်ဆရာတော် ဦးသြဘာသ၏ ဦးဆောင်မှုဖြင့် ဓမ္မစာပေများ သင်ကြားနိုင်ရန်အတွက် နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာ ကောင်းဝိန်းဘုန်း‌တော်ကြီး ကျောင်း၌ ဆန်းဒေးလ်ဓမ္မစကူးလ် ကျောင်းဆောင်သစ်ကို အခမ်းအနားဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ထိုကျောင်းဆောင်ကို နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာမှ ရွာသူရွာသားများက တစ်နိုင်တစ်ပိုင် စုပေါင်းလှူဒါန်းခဲ့ကြပြီး အဆိုပါ ဓမ္မစကူးလ်ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲတွင် သံဃာတော်များ ၊ ရပ်ရွာတာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မူဆယ်မြို့နှင့် ပန်ဆိုင်းမြို့မှ ဒကာဒကာမများ ၊ ရပ်မိရပ်ဖများ ၊ ဆရာ/ဆရာမများ နှင့် ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ဆန်းဒေးဓမ္မစကူးလ် ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲတွင် သံဃာတော်များ နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အမှာစကားပြောကြားပြီးနောက်  ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်း ၊ ထူးချွန်သူ ကျောင်းသား/ကျောင်းသူ များအား ဆုချီးမြှင့်ခြင်း နှင့် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းသူ အလှူဒါနများအား ဂုဏ်ပြုလွှာပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

၄င်း‌နောက် သံဃာတော် ၊ ရပ်မိရပ်ဖ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ စုပေါင်း၍ ကျောင်းဧရိယာအတွင်း၌ ကျွန်းသစ် ၊ ကံ့ကော် ၊ မယ်ဇလီစသည့် အမျိုးအမည်စုံ သစ်ပင်ပန်းပင်များကို စိုက်ပျိုးခဲ့ကြကြောင်း ကောင်းဝိန်းကျေးရွာနေ ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သိရသည်။

Facebook

သတင်း