သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများမှ လင်းခေးမြို့နယ် နောင်လုံးကျေးရွာအုပ်စုတွင်း ဒေသခံပြည်သူ စုစုပေါင်း ၂၂၁ ဦး ၊ မိုင်း်ပန်မြို့နယ်တွင်း ဒေသခံပြည်သူ စုစုပေါင်း ၅၇၆ ဦး ၊ မိုးနဲမြို့နယ် လွယ်လကျေးရွာအုပ်စုတွင် ဒေသခံပြည်သူ စုစုပေါင်း ၁၇ ဦး ၊ ကျိုင်းတောင်းမြို့နယ်တွင် ဒေသခံပြည်သူ စုစုပေါင်း ၂၉၄ ဦး နှင့် နမ့်စန်မြို့နယ် မတ်မုန်မွန်းကျေးရွာအုပ်စုတွင် ဒေသခံပြည်သူစုစုပေါင်း ၂၉၄ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19သံသယလူနာရှိမရှိ စစ်ဆေးခြင်း ၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း