သီပေါမြို့နယ်တွင် RCSS/SSAမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSAမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းမှ သီပေါမြိုနယ် နားမခေါ်ကျေးရွာအုပ်စု ဟိုနားကျေးရွာအနီးတဝိုက်တွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၄ ဦးအား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၂၁၁ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

အလားတူစွာ ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင်လည်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ပန်မခေါ်ကျေးရွာအနီးရှိ အုတ်ဖိုရာနေရာတွင် ဝင်ရောက်စစ်ဆေးမှုကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦး ၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၁ ဦး စုစုပေါင်း ၂ ဦးအား သက်သေခံပစ္စည်းများဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၄၀၆ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၆ ဦးအား RCSS/SSA မှထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူ‌ထောင်ရေးကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ အရေးယူခြင်း ၊ ဆေးကုသ‌ပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်း နှင့် အကျင့်စာရိတ္တပြုပြင်မွန်းမံပေးခြင်း စသည့် မွန်းမံမှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Taifreedom

Facebook

သတင်း