သီပေါတွင် ဒေသခံအိုးအိမ်ပစ္စည်းများကို SSPP အဓမ္မသိမ်းဆည်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စုနေ ဒေသခံများ၏ အိမ်ခြံမြေယာတို့ကို SSPP အဖွဲ့က အဓမ္မသိမ်းဆည်းထားကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် စဝ်ဆု‌ယောဝ် ဦးဆောင်သည့် SSPP အဖွဲ့သည် နားမခေါ်ကျေးရွာအုပ်စု တာလုံကျေးရွာနေ လုံးကျော်လှ+ပါမြ တို့လင်မယားနှစ်ဦး ပိုင်ဆိုင်သည့် ထော်လာဂျီ ၁ စီး၊ ကား ၁ စီး၊ ဂိုဒေါင်ဆောက်ရန်စုထားသည့် ပျဉ်ချပ်များသာမက ထမင်းအိုးဟင်းအိုး၊ စောင်ခြင်ထောင်များနှင့် အိမ်တွင်းရှိအဝတ်အစားလုံချည်ထမိန်များပါမကျန် သိမ်းဆည်းယူဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Taifreedom ထံ – ကား ထော်လာဂျီရှိတဲ့သူဆိုရင် SSPP ဘက်က RCSS ထောက်ခံကူညီတဲ့အဖွဲ့လို့ စွပ်စွဲပြီး သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းယူလိုက်တယ်၊ တချို့ဆို အိမ်တွေတောင် သိမ်းခံရတယ်၊ SSPP ထိန်းချုပ်ထားတဲ့ကျွန်တော်တို့ နားမခေါ်အုပ်စု၊ နောင်ကော်အုပ်စု၊ မိုင်းလင်းအုပ်စု နဲ့ ဝမ်စိမ်းအုပ်စုတွေမှာ SSPP တာဝန်ရှိသူက ဒေသခံတွေကို ဖုန်းအင်တာနက်ပေးမသုံးဘူး၊ သုံးတာနဲ့သိမ်းပစ်လိုက်တယ်၊ အဲ့ဒါကြောင့်မို့ တချို့ဆို သူတို့ရှေ့မှာတင် ပစ္စည်းတွေအသိမ်းခံရတယ်၊ ဓါတ်ပုံတွေလဲမရိုက်ရဲဘူး သူတို့လုပ်ရပ်တွေကတော့ တော်တော်လွန်နေပြီဟု ပြောသည်။

သီပေါတွင် ဒေသခံအိုးအိမ်ပစ္စည်းများကို SSPP အဓမ္မသိမ်းဆည်း
နားမခေါ်ကျေးရွာအုပ်စု မန်ဟုံကျေးရွာနေ လုံးချန့်+ပါဆိုင်တို့၏နေအိမ်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း နားမခေါ်ကျေးရွာအုပ်စု နားစလောင်းကျေးရွာနေ လုံးဆန်ရွှေပိုင်ဆိုင်သည့် လယ် ၁ ကွင်း၊ ၁၀ ဧကကျော်ရှိသည့် ‌ပြောင်းခြံခင်းနှင့် ပြိန်းဆာကျေးရွာနေ လုံးလှ ပိုင်ဆိုင်သည့် ၁၀ ဧကကျော်ရှိ ပြောင်းခြံခင်းတို့ကို အကြောင်းရင်းမသိရှိရဘဲ သိမ်းယူသွားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း နားမခေါ်ကျေးရွာအုပ်စု မန်ဟုံကျေးရွာနေ လုံးချန့်+ပါဆိုင် ပိုင်ဆိုင်သည့် အိမ်ဝင်းပါနှစ်ထပ်ပျဉ်ထောင်အိမ် ၁ အိမ် (ကာလတန်ဖိုး ၃၀ သန်းခန့်)၊လယ်ကွင်း ၁ ကွင်း(ကာလတန်ဖိုး ၅ သန်းခန့်)၊ ၆၀ ဧက ရှိ ခြံ ၁ ခြံ(ကာလတန်ဖိုး၈၄ သန်းခန့်)၊ ဆိုင်ကယ် ၁ စီး ၊ လယ်ထွန်စက် ၁ စီး၊ ပျဉ်ချပ် ၂ တန်၊ အင်ဂျင်စက် ၁ လုံး၊ ငွေကျပ် ၃၅၀၀၀၀ တန်ဖိုးခန့်ရှိ ပဲပုတ်ကြိတ်စက်၊ ငွေကျပ် ၁၅၀၀၀၀ ခန့်ရှိ ရေစုပ်စက်၊ အပ်ချုပ်စက် ၃ လုံး ၊ ဘက်ထရီ ၁ လုံး၊ ဆိုလာပြား ၁ ချပ် နှင့် ငွေကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ အိမ်တွင်းပရိဘောဂပစ္စည်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၈၉,၆၂၀,၀၀၀ (၈၉၆ သိန်းကျော်) တန်ဖိုးခန့်ကို SSPP အဖွဲ့က အဓမ္မသိမ်းဆည်းထားကြောင်း သတင်းရရှိသည်။

သီပေါတွင် ဒေသခံအိုးအိမ်ပစ္စည်းများကို SSPP အဓမ္မသိမ်းဆည်း
နားမခေါ်ကျေးရွာအုပ်စု မန်ဟုံကျေးရွာနေ လုံးချန့်+ပါဆိုင်တို့၏နေအိမ်
သီပေါတွင် ဒေသခံအိုးအိမ်ပစ္စည်းများကို SSPP အဓမ္မသိမ်းဆည်း
နားမခေါ်ကျေးရွာအုပ်စု မန်ဟုံကျေးရွာနေ လုံးချန့်+ပါဆိုင်တို့၏နေအိမ်
သီပေါတွင် ဒေသခံအိုးအိမ်ပစ္စည်းများကို SSPP အဓမ္မသိမ်းဆည်း
နားမခေါ်ကျေးရွာအုပ်စု မန်ဟုံကျေးရွာနေ လုံးချန့်+ပါဆိုင်တို့၏နေအိမ်

Taifreedom

Facebook

သတင်း