လွိုင်လင်မြို့နယ်တွင် RCSS/SSAမှ မူးယစ်ဆေးဝါးဖြန့်ဖြူးသူ ၂ ဦးအား ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နောင်လျဲန်ကျေးရွာအုပ်စုတွင် RCSS/SSA ၏နယ်မြေခံ တာဝန်ရှိတပ်ဖွဲ့များမှ မူးယစ်ဆေးဝါးဖြန့်ဖြူးသူ ၂ ဦးအား သက်သေခံမူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် RCSS/SSA နယ်မြေခံတပ့်ရင်းတာဝန်ရှိတပ်ဖွဲ့မှ လွိုင်လင်မြို့နယ် နောင်လျဲန်ကျေးရွာအုပ်စု လွိုင်ကျောက်တောင်ခြေရင်းရှိ တဲအိမ်တွင် ဒေသခံပြည်သူများ၏သတင်းပေးပို့ချက်အရ ဝင်ရောက်စစ်ဆေးရာတွင် စိုင်းလောဝ်ရှဲန်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၇၉၉၀ ပြား ၊ ဘိန်းစိမ်း ၃၈ ကျပ်သား နှင့်အတူဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

အလားတူစွား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင်လည်း လွိုင်လင်မြို့နယ် နောင်လျဲန်ကျေးရွာအုပ်စု မူးဆေကျေးရွာအရှေ့ဘက်ရှိ တဲအိမ်တွင် RCSS/SSAတာဝန်ရှိတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးရာတွင် စိုင်းခမ်း အသက် ၃၅ နှစ်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ)၇၃၁ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ၎င်းတို့နှစ်ဦးအား RCSS/SSAမှ ထိန်းသိမ်းထားပြီး  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးဖြန့်ဖြူးသူများအား  အရေးယူခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း