လွိုင်တိုင်းလျဲန်းတွင် RCSS/SSAမှ ပြုလုပ်ကျင်းပသည့် (၇၃)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့

ယနေ့  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် နှစ်ရက်တိတိ စည်ကားသိုက်မြိုင်စွား ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ (၇၃) နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားအား သျှမ်းပြည်အသီးသီးမှ သံဃာတော်များ ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ RCSS/SSA ဌာနဆိုင်ရာအကြီးအကဲများ ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် NCA-S EAO အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဒီမိုကရက်တစ်အကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNAL(PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ မွန်ပြည်ပါတီတစ် MNSP၊ ပအိုးအမျိုးသားလွတ်မြောက်ရေးအစည်းအရုံး PNLOတို့အပြင်သျှမ်းပြည်တပ်မတော်  SSPP/SSA ၊ UWSA ၊ KIA ကိုယ်စားလှယ်များ၊ သျှမ်းပြည်နယ်အသီးသီးမှ ပြည်သူလူထု နှင့် RCSS/SSAတပ်ရင်းအသီးသီးမှ စစ်ကြောင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအား ယနေ့ နံနက် ၆ နာရီခွဲခန့်မှစတင်ကာ ရပ်မိရပ်ဖများ၊ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များတို့ နေရာယူပြီးနောက် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် မှ အခမ်းအနား သဘာပဓိ (၃)ဦး ရွေးချယ်တင်မြှောက်ပြီးနောက် RCSS/SSA တပ်ရင်းအသီးသီးမှ စစ်ကြောင်းများ အခမ်းအနားပြုလုပ်ရာ စောဝ်ဆေခန်ဖလွင်ပြင်သို့ တက်ချီနေရာယူခဲ့ကြောင်း သိရသည်။

အခမ်းအနားသဘာပဓိ တစ်ဦး မှ (၇၃)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားအဖွင့်အမှာ စကားပြောကြားပြီးနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ဖေဖော်ဝါရီ ၇ ရက်နေ့ဟာ သျှမ်းတိုင်းရင်းသား တစ်မျိုးသားတည်းနှင့် သက်ဆိုင်သည်မဟုတ်ပဲ သျှမ်းပြည်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများတင်မက ပြည်ထောင်စု မြန်မာနိုင်ငံတွင်းတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့မရှိပါက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း အမှာစကားပြောကြား ရှင်းလင်းပြပြီးနောက် သံဃာတော်ကိုယ်စားလှယ်အဖြစ် ဆရာတော် တစ်ပါးမှ အခမ်းအနားတက်ရောက်လာကြသည့် ဧည်ပရိသတ်များအား သြဝါဒ စကားဟောကြားပြီး တပ်မတော်ကိုယ်စားလှယ်မှ ဗိုလ်ချုပ် အေးဝင်း ၊ အစိုးရကိုယ်စားလှယ်များမှ ဦးထွန်းထွန်းဦးတို့ သဝဏ်လွှာဖတ်ကြားပြီးနောက် ပြည်သူလူထုကိုယ်စားလှယ်တစ်ဦးမှလည်း အမှာစကားပြေားကြားခဲ့ကြောင်း သိရသည်။

၎င်းတို့အပြင် ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST)ကိုယ်စားလှယ်အဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုတိယ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း အမှာစကားပြောကြားပြီးနောက် RCSS/SSA တပ်ရင်းများအသီးသီးမှ စစ်ကြောင်းများ အခမ်းအနားအတွင်းမှ ထွက်ခွာပြီးနောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊RCSS ဌာနဆိုင်ရာ အရာရှိပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပ ဧည့်သည်တော်များတို့အတူ အထိမ်းအမှတ်အဖြင့် ဓါတ်ပုံရိုက်ကာ (၇၃)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

လွိုင်တိုင်းလျှဲန်းတွင် ပြုလုပ်ကျင်းပသည့် (၇၃ ) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားအား ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီလ ၇ နေ့ထိ နှစ်ရက်တိတိ စည်ကားသိုက်မြိုင်စွာကျင်းပခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း