လွယ်တိုင်းလျဲန်း အားကစားပြိုင်ပွဲ ကျင်းပပြီးစီး

လူငယ်များ မူးယစ်ဆေးဝါးကင်းစင်၍ စည်းလုံးညီညွတ်မှုရှိစေရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်းတွင် ကျင်းပသည့် အားကစားပြိုင်ပွဲ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။

အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၁၂ ၇က်နေ့တွင် အခမ်းအနားဖြင့် ကျင်းပခဲ့ပြီး အလယ်တန်းအဆင့်သျှမ်းအမျိုးသားကျောင်း ဒုကျောင်းအုပ် စိုင်းခမ်းပုက အနိုင်ရရှိသည့် အသင်းများကို ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

လွယ်တိုင်းလျဲန်း အားကစားပြိုင်ပွဲ ကျင်းပပြီးစီး

ဘောလုံးပြိုင်ပွဲတွင်အနိုင်ရရှိသည့် အမျိုးသားအသင်းများမှာ Friendship B အသင်းက ပထမဆု၊ Friendship A အသင်းက ဒုတိယဆု နှင့် အွေးကော့ယန်းအသင်းက တတိယဆုအနိုင်ရရှိပြီး အမျိုးသမီးအသင်းတွင် MKT အဖွဲ့က ပထမဆု နှင့် Doi Friend အသင်းက ဒုတိယဆု အနိုင်ရရှိခဲ့သည်။

ယခုအားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ စသည့်အားကစားနည်းမျိုးစုံကို သျှမ်းအမျိုးသားကျောင်းမှ ကျောင်းသားကျောင်းသူများသာမက RCSS ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

လူငယ်များ မူးယစ်ဆေးဝါးကင်းစင်၍ ကိုယ်ကာယကျန်းမာရေးကောင်းမွန်ခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသားများကိုကြိုဆိုခြင်း၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ခြင်း နှင့် ချစ်ခင်ရင်းနှီးမှုခိုင်မြဲရေးတို့ကို ရည်ရွယ်၍ အားကစားပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

လွယ်တိုင်းလျဲန်း အားကစားပြိုင်ပွဲ ကျင်းပပြီးစီး

လွယ်တိုင်းလျဲန်း အားကစားပြိုင်ပွဲ ကျင်းပပြီးစီး

လွယ်တိုင်းလျဲန်း အားကစားပြိုင်ပွဲ ကျင်းပပြီးစီး

Taifreedom

 

Facebook

သတင်း