လွယ်တိုင်းလျဲန်းနှင့် သျှမ်းပြည်တွင်း မြို့နယ်အသီးသီးတွင် COVID-19 ကြိုတင်ကာကွယ်နည်းများ နယ်ဆင်းအသိပညာပေးခြင်း ဆောင်ရွက်

RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၊ RCSS ထိန်းချုပ်ရာနယ်မြေများ သျှမ်းပြည်တွင်း မြို့နယ်အသီးသီးတွင်လတ်တလော ကမ္ဘာတစ်းဝှမ်းတွင် ဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခြင်း မခံရစေရန် နှင့် ကြိုတင်ကာကွယ်နိုင်ရန် နယ်ဆင်း အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဗဟိုဌာနချုပ် အုပ်ချုပ်ရေးဌာန၊ကျန်းမာရေးဌာန နှင့် ပြန်ကြားရေးဌာန တို့ပူးပေါင်းပြီး  လွယ်တိုင်းလျဲန်းတွင်နေထိုင်ကြသော ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များအား ကိုလိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်းပြုလုပ်ခဲ့ပြီး RCSS ထိန်းချုပ်ရာနယ်မြေများတွင်လည်း RCSS နယ်မြေတာဝန်ခံ ကျန်းမာရေးဝန်ထန်းများမှ ဒေသခံပြည်လူထုများအား ကိုလိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်နည်းများ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလာတူစွာ သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်တွင်လည်း နမ့်ခုံး နာရေးကူညီမှုအသင်း နှင့် ဖြူဆင်မေတ္တာတို့ပူးပေါင်းပြီး စိုင်းမွန်းအောင် ၊ စိုင်းပေတ ၊ နန်းမွှေခမ်းတို့မှ တာဝန်ယူ၍ ခိုလမ်မြို့တွင်း ကွင်းဆင်း၍ ကိုလိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်းများပြုလုပ် ခဲ့ကြောင်းသိရှိရသည်။

၎င်းအပြင် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံ မှ တာဝန်ရှိပုဂ္ဂိုလ်များလည်း ဒေသတွင်း ကွင်းဆင်း၍ ကိုလိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ဒေသခံပြည်သူလူထုများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တွင်လည်း အစိုးရကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါစစ်ဆေးခြင်းများ နှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုလက်ရှိအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရသူ ၃ ဦးတွေ့ရှိထားပြီး သံသယနှင့် စောင့်ကြည်လူနာ စုစုပေါင်း (၂၇၅) ဦးရှိကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း