ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ၊ ဝမ်စဲ့ကျေးရွာအုပ်စု နှင့် ဝမ်လေကျေးရွာအုပ်စုတွင်း နေထိုင်သော ဒေသခံပြည်သူလူထုများစုစုပေါင်း ၅၉၂ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Taifreedom