လင်းခေးမြို့နယ် ၊ မိုင်းပန်မြို့နယ် ၊ ခိုလမ်မြို့နယ် ၊ နမ့်စန်မြို့နယ် နှင့် ကျိုင်းတောင်းမြို့နယ်တို့တွင် COVID-19 စစ်ဆေး

COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် နောင်လုံးကျေးရွာအုပ်စု ၊ မိုင်းပန်မြို့နယ်  နမ့်တိန်းကျေးရွာအုပ်စု ၊ ခိုလမ်မြို့နယ် ဖာဆွမ့်ကျေးရွာအုပ်စု ၊ နမ့်စန်မြို့နယ် ဟိုင်းဖတ်ကျေးရွာအုပ်စု ၊ ဝမ်နောင်ကျေးရွာအုပ်စု ၊ ကျိုင်းတောင်းမြို့နယ် ဟိုဟကျေးရွာအုပ်စုတို့တွင် သံဃာတော်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၂၀၄ ဦး အား  အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း စသည့် လုပ်ငန်းစဥ်များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း