လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်တွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်လည်း  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်တာကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံပြည်သူလူထုများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်လည်း  RCSSကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားဝွန်ကျေးရွာအုပ်စု နှင့် လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စုတွင်း  သံဃာတော်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၅၉ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း