လင်းခေးမြို့နယ်တွင် RCSS/SSA မှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၇ ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၇ ဦးအား သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီးရှိ လယ်ယာခြံများတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသည်ဟု ဒေသခံပြည်သူလူထုများ၏ သတင်းပေးပို့ချက်အရ  RCSS/SSA နယ်မြေခံတပ်ရင်းမှ ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် လင်းခေးမြို့ ရွာမကြီးအနောက်ရပ်ကွက်နေ လုံးဂုဏ္ဏ နှင့်အတူ  မူးယစ်ဆေးဝါးသုံးစွဲသူ ၆ ဦး ဖမ်းဆီးရမိသည့်အပြင်  သက်သေခံပစ္စည်းများဖြစ်သည့်  WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၂၁၈ ပြား နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများလည်း သိမ်းဆီးရမိခဲ့ပါသည်။

၎င်းမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၇ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင်လည်း ပင်လုံမြို့နယ်၌ RCSS/SSA ထိန်းချုပ်နယ်မြေတွင် တောလမ်းဖြင့် နယ်မြေတွင်း ဝင်ရောက်လာသည့်  စိုင်းတင့် အသက် ၂၃ နှစ်အား သက်သေခံမူးယစ်ဆေးဝါးများဖြစ်သည့်  စိတ်ကြွဆေးပြား(ယာမ) ၉၈၀၀ ပြား (၄၉ ထုတ်) နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

Taifreedom 

Facebook

သတင်း