လင်းခေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် RCSS/SSA နယ်မြေခံတပ်ရင်းများမှ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးအား သက်သေခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်တွင် ‌ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီးရှိ လယ်ခြံအနီးတစ်ဝှက် စစ်ဆေးရေးပြုလုပ်ရာ လင်းခေးမြို့နယ် ပန်ဟုန်းရပ်ကွက်နေ စိုင်းအွတ်အား သက်သေခံပစ္စည်းများဖြစ်သည့် YW အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၅၅ ပြား ၊ မူးယစ်ဆေးဝါးရောင်းရငွေ ၂၅၅၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သည့် စိုင်းအွတ် အား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း နမ့်အွန်ကျေးရွာအနီးရှိ လယ်ယာခြံများတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသည်ဟု ဒေသခံပြည်သူလူထုများ၏ သတင်းပေးပို့ချက်အရ  RCSS/SSA နယ်မြေခံတပ်ရင်းမှ ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုံးဂုဏ္ဏ နှင့်အတူ  မူးယစ်ဆေးဝါးသုံးစွဲသူ ၆ ဦး ဖမ်းဆီးရမိသည့်အပြင်  သက်သေခံပစ္စည်းများဖြစ်သည့်  WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၂၁၈ ပြား နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများလည်း သိမ်းဆီးရမိခဲ့ပါသည်။­­­

Taifreedom

Facebook

သတင်း