မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ တစ်လတာ တစ်ဖက်သက်အပစ်ရပ်ထုတ်ပြန်ကြေညာ

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့MNDAA , TNLA , AA တို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအား လက်တွေ့ကျကျတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် တစ်လတာ တစ်ဘက်သက်အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA)၊ ရခိုင် (ULA/AA)ပြည်တွင်း ထိုးစစ်ဆင်မှုများရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ အထိ တစ်လတာ အပစ်ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ၎င်းကာလအတွင်း တပ်မတော်ဘက်မှ ၎င်းတို့အား ထိုးစစ်ဆင်ခြင်း ၊ စတင်တိုက်ခိုက်ခြင်း ၊ ဒေသတွင်း စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၊ တိုက်လေယာဥ်(သို့) ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်လာလျှင် ၎င်းတို့အနေ့ဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သောအနေအထားမျိုးဖြင့် ပြန်လည်တုံပြန်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် စတင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်စသည့်ဌာနချုပ်များတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ  ၂၁ ရက်နေ့မှ၂၀၁၉ သြဂုတ်လ ၃၁ ရက်နေ့အထိ (၈)လကြာ တပ်မတော်ဘက်မှစစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးသည့်ကာလ၌ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထိ ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

Taifreedom

Facebook

သတင်း