မောက်မယ်မြို့နယ်နှင့် မိုးနဲမြို့နယ်တွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်းထမ်းတို့ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု ၊ စဥ်ဝင်ကျေးရွာအုပ်စုတွင် သံဃာတောာ်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၃၄၁ ဦး နှင့် မိုးနဲမြို့နယ် ဝမ်နားကျေးရွာအုပ်စုတွင် ဒေသခံပြည်သူလူထု စုစုပေါင်း ၁၃၆ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း