မူဆယ်မြိုနယ်ရွှေသမင်ဂေါက်ကလပ်အား KIO ထံဆက်ကြေးငွေ ကျပ်သိန်း ၂၆၀ ကျပ်ပေးဆောင်ရန် စာပို့

KIO တောင်ပိုင်းတိုင်း အမှတ် ၄ တပ်မဟာမှ ရထိုက်ကုမ္ပဏီဟုဆိုကာ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုနယ်တွင်းရှိ ရွှေသမင်ဂေါက်ကလပ်အား ဆက်ကြေးငွေ ကျပ်သိန်း ၂၆၀ ကျပ်ပေးဆောင်ရမည်ဟု ရေးသားပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေသမင်‌ဂေါက်ကလပ်လုပ်ငန်းသို့ ဆက်ကြေးငွေပေဆောင်ရန်ပေးပို့သည်စာစောင်ထဲတွင် KIO တောင်ပိုင်းတိုင်း အမှတ် ၄ တပ်မဟာမှ အမှတ် ၆ တပ်မဟာ ဒေသအတွင်းရှိ ဘဏ်များ ကုမ္ပဏီများ ၊စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ကောက်ခံခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး ရွှေသမင်ဂေါက်ကလပ်လုပ်ငန်းသည် KIO ၏တောင်ပိုင်းတိုင်း အမှတ် ၆ တပ်မဟာနယ်မြေတွင်းတည်ရှိသည်ဖြစ်၍ KIO မှသက်မှတ်ထားသည့် စည်းကြပ်ခွန် ကျပ်သိန်း၂၆၀ ကျပ်အား ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မတိုင်မှီ အခွန်ကောက်ဌာနသို့ မပျက်မကွက်သွားရောက်ပေးဆောင်အကြောင်းကြားရမည်ဟု ရေးသားထားကြောင်း သိရသည်။

မှတ်ချက်အနေဖြင့် ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉၄၇၁၂၉၁၀၄ ၊ ၀၉၇၇၆၂၈၆၉၃၅  နှင့် တောင်ပိုင်းတိုင်း အမှတ် ၄ တပ်မဟာ၏ အကောက်ခွန်ဌာနမှူး လက်မှတ်ပါရှိပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ဆိုသည့် ရက်စွဲဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း