မိုးနဲမြို့နယ် ၊ မောက်မယ်မြို့နယ် ၊ လွိုင်လင်မြို့နယ်တွင်း ဒေသခံပြည်သူ ၁၀၀၀ ကျော်အား COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂  ရက်နေ့ နှင့် ယနေ့ ဧပြီလ ၃ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများမှ မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စုတွင် အမျိုးသား ၇၃ ဦး ၊ အမျိုးသမီး ၁၂၈ ဦး  စုစုပေါင်း ၂၀၁ ဦး ၊ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတွင် အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၁၇၆ဦး ၊ မောက်မယ်မြို့နယ် နမ့်လွတ်ကျေးရွာအုပ်စု နှင့် ၊ မိုင်းပုတ်ကျေးရွာအုပ်စုတွင် အမျိုးသား ၁၆၁ ဦး ၊ အမျိုးသမီး ၂၂၃ ဦး စုစုပေါင်း ၃၈၄ ဦး ၊ ကဒူးကြီးကျေးရွာအုပ်စု အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၁၂၈ ဦး နှင့် ဟိုလွိုင်ကျေးရွာအုပ်စု အမျိုးသား ၁၄၉ ဦး ၊ အမျိုးသမီး ၁၂၇ဦး စုစုပေါင်း  ၂၇၆ ဦး တို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေး ဟောပြောခြင်းများပြုလုပ်ခဲ့ရာ ဟိုလွိုင်ကျေးရွာအုပ်စုတွင်း COVID-19 သံသယလူနာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၆ ဦးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း