မိုးနဲမြို့နယ်တွင် သဘာဝဘေးအန္တာရာယ်ကြောင့် ဒေသခံ နေအိမ် ၂ အိမ်ပျက်စီး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အပြင် လေပြင်းများပါတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၂ အိမ်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၈ ရက်နေ့ နေလည် ၁၁ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး မိုးနဲမြို့နယ် ဝမ်နားကျေးရွာအုပ်စု ဝမ်နားကျေးရွာတွင် နေထိုင်သော လုံးလိုင်းဆိုင် + ပါဆိုင် နှင့် စိုင်းကြွယ် + နန်းနွန်း တို့၏ နေအိမ်အမိုးများ ပျက်စီးရှုံးဆုံးခဲ့ရကြောင်း သိရှိရသည်။

မိုးသည်းလေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ ဒီတစ်ခေါက် မိုးသည်းလေပြင်းတိုက်ခတ်မှုသည် အလွန်အားကောင်းသဖြင့် လုံးလိုင်းဆိုင်နှင့် စိုင်းကြွယ် တို့၏ နေအိမ်အမိုးများ လေတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရကြောင်း ၊ ၎င်းတို့၏ စားသောက်ကုန်များနှင့် အိမ်သုံးပစ္စည်းများလည်း မိုးရေစိုစွပ်၍ တချို့ပစ္စည်းများ ပျက်ဆီးခဲ့ကြောင်း နှင့် ဒေသခံပြည်သူများလည်း ၎င်းတို့၏ စားဝတ်နေရေးအတွက် ဝိုင်းဝန်ကူညီခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

Taifreedom

Facebook

သတင်း