မိုးနဲမြို့နယ်တွင် တပ်မတော်သားများမှ ဒေသခံပြည်သူများ၏ တောင်ယာတဲများအား သွားရောက်မွှေနှောက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အစိုးရတပ်မတော်မှ ဒေသခံပြည်သူများဆောက်လုပ်ထားသည့်  တောင်ယာတဲ ၊  လယ်ယာတဲ များအား သွားရောက်မွှေနှောက်ပြီး စားသောက်ကုန် နှင့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်၌ မိုးနဲမြို့နယ် နားခန်ကျေးရွာအုပ်စု နားခန်ကျေးရွာအနီးတွင် ခေတ္တစခန်းချထားသည့် အစိုးရတပ်မတော် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ-၅၇၅) အင်းအား ၁၀ ခန့်သည် ဒေသခံပြည်သူများ၏ တောင်ယာတဲ ၊ လယ်ယာတဲတို့တွင် သွားရောက်မွှေနှောက်သည့်အပြင် လယ်ယာတဲအတွင်းရှိ ဆန် ၃ ပြည် နှင့် အိုးခွက်ပန်းကန် စသည့် အသုံးအဆောင်ပစ္စည်းများပါ ယူဆောင်သွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးမို့ချက်အရ သိရှိရသည်။

အဆိုပါ နားလောကျေးရွာအုပ်စု မိုင်းပန်မြို့နယ် အခြေစိုက် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ-၅၇၅)သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ-ခိုလမ်)၏ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ခမရ-၅၇၅ တပ်ကြပ်ကြီးတစ်ဦး နှင့် တပ်သားတစ်ဦးမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၉ ရက်နေ့တွင် နမ့်တိန်းကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ရောင်းကုန်များအား ကျသင့်ငွေပေးချေခြင်းမရှိပဲ ယူဆောင်စားသုံးသည့်အပြင် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ပါသည်။

Taifreedom

Facebook

သတင်း