မိုးထဲရေထဲ စစ်ဘေးရှောင်များ စီးလာသည့်ကားထော်လာဂျီတိမ်းမှောက် ၇ ဦးဒဏ်ရာရ

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုနေ ဒေသခံများ မိုးထဲရေထဲ စစ်ဘေးရှောင်စဉ် စစ်ဘေးရှောင်များ စီးလာသည့်ကားထော်လာဂျီ ၂ စီး တိမ်းမှောက်ကာ အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ခိုလှုံရာ နောင်လျှော်ကျေးရွာအနီးတစ်ဝှိုက်သို့ လက်နက်ကြီးပေါက်ကွဲသံများ အဆက်မပြတ်ကြားနေရသောကြောင့် စစ်ဘေးရှောင်ဒေသခံ ၁၅၀၀ ခန့်သည် မိုးထဲရေထဲ ပစ္စည်းသိမ်းဆည်းကာ ထပ်မံတိမ်းရှောင်နေရသည်။

မိုးထဲရေထဲ စစ်ဘေးရှောင်များ စီးလာသည့်ကားထော်လာဂျီတိမ်းမှောက် ၇ ဦးဒဏ်ရာရ

နောင်လျှော်ကျေးရွာမှ ပန်ကေတုဘက်သို့ မိုးထဲရေထဲထပ်မံစစ်ဘေးရှောင်နေစဉ် ပန်ကေတုကျေးရွာအနီးတွင် စစ်ဘေးရှောင်များ စီးလာသည့်နှစ်လုံးထိုးကားတစ်စီး လမ်းချော်ကာ ကားပေါ်ရှိ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမပြင်းထန်သောကြောင့် ကျေးရွာတွင်းရှိ ‌ဆေးခန်းတွင်ပင် ဆေးကုသခဲ့ကြောင်း သိရသည်။

အလားတူစွာ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်း နောင်လျှော်ကျေးရွာမှ ရှားတောကျေးရွာဘက်သို့ စစ်ဘေးရှောင်လာစဉ် စစ်ဘေးရှောင်များစီးနင်းလာသည့် ထော်လာဂျီတစ်စီး လွယ်လောင်းတောင်အနီးတွင် ထပ်မံတိမ်းမှောက်သောကြောင့် ကားပေါ်ပါသည့် အမျိုးသမီး ၄ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

မိုးထဲရေထဲ စစ်ဘေးရှောင်များ စီးလာသည့်ကားထော်လာဂျီတိမ်းမှောက် ၇ ဦးဒဏ်ရာရ

ဒဏ်ရာရရှိသူများမှာ ဟိုခဲကျေးရွာအုပ်စု ပန်ကောင်းမူးကျေးရွာနေ ပါနွံ အသက် ၅၇ နှစ်၊ ပါစံ အသက် ၅၂ နှစ်၊ ပါလူ အသက် ၄၆ နှစ် နှင့် ဟိုခဲကျေးရွာအုပ်စု ဝမ်လွယ်ကျေးရွာနေ နိုင်းမွန်နု အသက် ၈၆ နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေခဲ့ရပြီး ဒဏ်ရာပြင်းထန်သူအချို့ကိုလည်း လွိုင်လင်မြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသနေရကြောင်း သတင်းရရှိသည်။

မိုးထဲရေထဲ စစ်ဘေးရှောင်များ စီးလာသည့်ကားထော်လာဂျီတိမ်းမှောက် ၇ ဦးဒဏ်ရာရ

Taifreedom

Facebook

သတင်း