မိုင်းအစ်ကျေးရွာဥက္ကဋ္ဌ နှင့် ၎င်း၏သားဖြစ်သူအား အစိုးရတပ်မ‌တော် ဖမ်းဆီး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မ‌တော် (RCSS/SSA) တပ်စခန်းအား အစိုးတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မိုင်းအစ်ကျေးရွာဥက္ကဋ္ဌ နှင့် ၎င်း၏သားအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် နံနက်ပိုင်းအချိန်တွင် သျှမ်းပြည်ရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဖါချယ်ကျေးရွာအုပ်စု မိုင်းအစ်ကျေးရွာအနီးရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မိုင်းအစ်ကျေးရွာဥက္ကဋ္ဌ နှင့်အတူ ဥက္ကဋ္ဌ၏သားတစ်ဦးအား မည်သည့်အကြောင်းအရင်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရကြောင်း ဒေသခံတစ်ဦး၏ သတင်း‌ပေးပို့ချက်အရ သိရှိရသည်။

၎င်းမှဆက်လက်၍ အစိုးရတပ်မတော်မှ ဥက္ကဋ္ဌ၏သားအား ကျေးရွာသို့ ပြန်လည်လွတ်ပေးပြီးဖြစ်သော်လည်း ကျေးရွာဥက္ကဋ္ဌအား ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း ပြောပြပါသည်။

မိုင်းအစ်ကျေးရွာဥက္ကဋ္ဌ နှင့် ၎င်း၏သားအားဖမ်းဆီးခေါ်ဆောင်သွားသည့် အစိုးရတပ်မ‌တော်မှာ အမှတ်-၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၄) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက်ခံတပ်ရင်းများဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း