မိုင်းပန်မြို့နယ်တွင် COVID-19 စစ်ဆေးပေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု တွင် ၁၃၇ ဦး ၊ ကုံးကျိုင်းကျေးရွာအုပ်စု တွင် ၄၈၇ ဦး ၊ ဝိုးလိုင်းကျေးရွာအုပ်စု ၆၇ ဦး  နှင့် ဆောင်ဝါးကျေးရွာအုပ်စု ၂၅၂ ဦး သံဃာတော်များနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်း ၉၄၃ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြို့တင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း