မိုင်းပန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ဒေသခံပြည်သူများ၏ ကောက်ပဲသီးနှံများနှင့် မွေးမြူရေးတိရိစ္ဆာန်များ ပျက်စီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ မိုင်းပန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဝင်ကာ နမ့်တိန်းကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာရှိ နေအိမ်များ ၊ လယ်ယာခြံများတွင် စိုက်ပျိုးထားသည့် စပါးများ နှင့် ကြက်သွန်ဖြူမျိုးစေ့များ ပျက်စီးဆုံးရှုံးသည့်အပြင် တောတောင်တွင်း လွတ်ထားသည့် မွေးမြူရေးတိရိစ္ဆာန်များဖြစ်သော ပါဝမ်းမှ နွား ၁ ကောင် ၊ ပါအုမှ နွား ၂ ကောင် ၊ လုံးခတ်မှ နွား ၂ ကောင် နှင့် ပိုင်ရှင်မသိသေးသည့် ဒေသခံပြည်သူများမှ နွား ၂ ကောင် စုစုပေါင်း နွား ၇ ကောင် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ထို့အပြင် ရာသီဥတုပေါ်မူတည်၍ ယခုတလော မိုင်းပန်မြို့နယ်တွင် ညနေပိုင်းအချိန် ရောက်လာသည်နှင့်အမျှ မိုးရွာသွန်းတော့သည်မှာ ၄ရက် ၅ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

Taifreedom

Facebook

သတင်း