မိုင်းကိုင်မြို့နယ်တွင် ကျောက်မီးသွေးတူးဖော်သောကုမ္ပဏီများအား ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒပြ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် သံဃာတော်များနှင့် ပြည်သူလူထုများ မှ ကျောက်မီးသွေးတူဖော်သော ကုမ္ပဏီများအား ကန့်ကွက်လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြရာတွင် မိုင်ကိုင်မြို့ ၊ လဲချားမြို့ ၊ ကျောက်မဲမြို့ ၊ နမ့်လန်မြို့ ၊ သီပေါမြို့ ၊ ကျေးသီးမြို့ စသည့်မြို့နယ် အသီးသီးမှ သံဃာတော်များ နှင့် ပြည်သူလူထုများ စုပေါင်းအင်အား ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် သံဃာတော်များနှင့် ပြည်သူလူထုများပေါင်းစည်းပြီး ကျောက်မီးသွေးတူးဖေါ်သောကုမ္ပဏီများအား ကန့်ကွက်ကြောင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ၁) မိုင်းကိုင်၌ကျောက်မီးသွေးများ တူဖော်နေသောအဖွဲ့များအားဆန့်ကျင်ရေး ၂)ကျောက်မီးသွေးတူဖော်နေသောကုမ္ပဏီ ဦးအိုက်ချုံအားဆန့်ကျင်ရေး ၃) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဖျက်ဆီးသူများအား ဆန့်ကျင်ရေး ဆိုသည့် ကြွေးကျော်သံများနှင့်အတူ မိုင်းကိုင်မြို့ သမိုင်းဝင် ရွှေမြင်ထင်မွေတော်ဘုရား၏တပေါင်းပွဲကွင်းပြင် မှ မိုင်းကိုင်မြို့ အဝင်ဆိုင်းဘုတ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

အလားတူစွာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်နေကြသော သျှမ်းရွေ့ပြောင်းအလုပ်သမားများမှလည်း မိုင်းကိုင်မြို့နယ် ကျောက်မီးသွေးတူးဖော်နေသော ကုမ္ပဏီများအား ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ဧပြီလ ၁၁ ရက်နေ့တွင်လည်း သံဃာတော်များနှင့် ပြည်သူလူထုများပေါင်းစည်းပြီး မိုင်းကိုင်မြို့နယ်တွင် ကျောက်မီးသွေးတူဖော်နေသော ဟိန်းမေတ္တာကုမ္ပဏီအား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း