မိုင်းကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း  လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ ဝင်ရောက်စစ်ဆေးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေသတွင်းသတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ မိုင်းကိုင်မြို့နယ် ဟွေနွံ့ကျေးရွာအုပ်စု ဟွေနွံ့ကျေးရွာ နှင့် ပန်မိုက်နီကျေးရွာတို့တွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် မယ်ခမ်း နှင့် စိုင်းသီလအား သက်သေခံမူးယစ်ဆေးဝါး WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၃၇၄ ပြားနှင့် ဘိန်းစိမ်း ၁ ကျပ်သားခွဲ နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ထို့အပြင် ဟွေနွံ့ကျေးရွာအုပ်စု နားတီးကျေးရွာတွင် မူးယစ်ဆေးဝါးစွဲနေသည့် လုံးညိုအား ၎င်းမိသားစုမှ အကျင့်စာရိတ္တပြုပြင်မွန်းမံရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် RCSS/SSA နယ်မြေခံတပ်ရင်းထံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း