မိုင်းကိုင်မြို့နယ်တွင်း ကျေးရွာ ၁၉ ကျေးရွာ တပ်မတော်တပ်ဖွဲ့အတွက် ဝါးပင်များခုတ်ပေးရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွယ်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် တပ်မ‌တော်တပ်ဖွဲ့မှ ဟိုခဲကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စုတွင်းရှိ ဒေသခံရွာသူရွာသားများအား ဝါးပင် ခုတ်ပေးရန် အဓမ္မစေခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် လွယ်တောင်းတောင်ပါ်တွင် စခန်းချထားသည့် တပ်မတော် တပ်ဖွဲ့မှ ဟိုခဲကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု တွင်းရှိ ကျေးရွာပေါင်း ၁၁ ကျေးရွာအား ၎င်းတို့ထံ ဝါပင် အပင် ၁၉၂ ပင် ခုတ်ပေးရသည့်အပြင် ထောလကျီ ၂ စီးဖြင့် လွယ်တောင်း‌တောင်ပေါ်သို့ ပို့ပေးရန် အဓမ္မ စေခိုင်း‌ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဝါပင်များခုတ်ပေးရသည့် ကျေးရွာများမှာနောင်လင်ကျေးရွာ ၁၀ ပင် ၊ဟမ်းငိုင်းကျေးရွာ ၅ ပင်၊ကုံးခမ်းကျေးရွာ ၁၀ ပင်၊ ဖာလမ်ကျေးရွာ ၁၀ ပင်၊ဝမ်ပတ်ကျေးရွာ ၁၀ ပင်၊ဟိုနောင်ကျေးရွာ ၁၀ ပင်၊နောင်အုံကျေးရွာ ၁၅ ပင်၊စံပေါင်ကျေးရွာ ၁၀ ပင်၊နောင်တောင်းကျေးရွာ ၁၀ ပင်၊ဟိုဖိုင်ကျေးရွာ ၂၀ ပင်၊နားလေကျေးရွာ ၁၀ ပင်၊နမ့်အွန်ကျေးရွာ ၂၀ ပင်၊လွယ်ဆိုင်းကျေးရွာ ၁၂ ပင်၊ဝမ်ထံကျေးရွာ ၅ ပင်၊လွယ်ဆန်းကျေးရွာ ၁၀ ပင်၊ကုံးဆန်ကျေးရွာ ၁၀ ပင်၊ နောရှန်ကျေးရွာ ၅ ပင် ဝါးပင် စုစုပေါင်း ၁၉၂ ပင်ဖြစ်ပြီး ဟိုင်းငင်းကျေးရွာမှ ထော်လကျီ ၁ စီး နှင့် ကုံးညောင်ကျေးရွာမှ ထော်လကျီ ၁ စီးဖြင့် လွယ်တောင်းတောင်ပေါ်သို့ လိုက်ပို့ပေးခဲ့ရကြောင်း ၎င်းမှ ဆက်လက်ပြောပြပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်‌နေ့တွင်လည်း လွယ်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် တပ်မတော်တပ်ဖွဲ့သည် ၎င်းတို့ တပ်စခန်းတည်ဆောက်ရန်အတွက်ဆိုပြီး ဟိုခဲကျေးရွာ ဒေသခံရွာသားများအား ဝါးပင် အပင် ၁၀၀၀ ခုတ်ပေးရန် အဓမ္မစေခိုင်းသည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင်လည်း တပ်မ‌တော်တပ်ဖွဲမှ ဟိုခဲကျေးရွာအုပ်စု ဒေသခံရွာသားများ၏ မော်တော်ယာဥ်များအား အဓမ္မငှားရမ်းသည့်အပြင် ငှားရမ်းခလည်း ပေးဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ တပ်မတော်သည် လက်မှတ်ရေးထိုးထားသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင်ပါရှိသည့် အပိုင်း (၃) အခန်း (၃) အမှတ်(၉) အရပ်သားများကိုကာကွယ်ပေးခြင်းတွင်ပြသည်သည့် ပုဒ် (ဃ) ပြည်သူလူထုထံမှ ငွေ ၊ ပစ္စည်းဥစ္စာ ၊ စားရေးရိက္ခာ၊ လုပ်အား နှင့် ဝန်ဆောင်မှုများကို တောင်းခံရယူခြင်း အပြုလုပ်ရ ဆိုသည့် အချက်အား ချိုးဖောက်ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း