မိုင်းကိုင်မြို့နယ်တွင် RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင်းရှိ လွယ်တောင်းတောင်ပေါ်တွင် တပ်မတော် အင်းအား 400 ခန့်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်ပြည်တပ်မတော် RCSS/SSA တပ်စခန်းအား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုတွင် တပ်မတော်မှ ခမရ(ခြေမြန်တပ်ရင်း) ၅၂၀၊ ခမရ ၅၂၅ ၊ ခမရ ၅၇၅ ၊ ခမရ ၅၇၄ လူအင်အား ၄၀၀ ခန့်သည့် RCSS/SSA ထိန်းချုပ်ရာနယ်မြေတွင်း ဖြတ်သန်းခွင့်တောင်းသဖြင့် RCSS/SSA တပ်သားများလည်း အရာရှိပုဂ္ဂိုလ်ထံ လျှောက်တင်နေချိန် တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် RCSS/SSA ထံပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တပ်မ‌တော်ဘက်၏ ရဟတ်ယာဥ်တစ်စီး တိုက်ပွဲဖြစ်ပွားနေရာတွင် ပျံဝှဲနေကြောင်း တစ်ဘက်တွင်လည်း တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ မီးယမ်းအဖြစ် ကူပစ်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားသေးကြောင်း နှင့် တိုက်ပွဲတွင်း တပ်မတော်နှင့် RCSS/SSA နှစ်ဖွဲ့စလုံး၏ ကျဆုံးမှုများ မသိရှိသေးကြောင်း သတင်းရရှိသည်။

အမှတ် (၅၂၀၊ ၅၂၅ ၊ ၅၇၅ ၊ ၅၇၄) ခြေမြန်တပ်ရင်း တိုသည့် ခိုလမ်မြို့နယ် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၏ လက်အောက်တပ်ရင်းများဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း