မိုင်းကိုင်တွင်  RCSS/SSA နှင့် မြောက်ပိုင်းတပ်ပေါင်းစုတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ယနေ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇:၂၅ မိနစ်ခန့်မှစ၍ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာအနီးတွင် လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား  အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းအချိန်ထိ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

Taifreedom

Facebook

သတင်း