မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစ၍ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ အုပ်စုအတွင်း လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား SSPP/SSA ဦးဆောင်သော တပ်ပေါင်းစုအဖွဲ့က စစ်အင်အားအလုံးအရင်းဖြင့် လိုက်လံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ ကုန်းပေါင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

တိုက်ပွဲတွင်း၌ SSPP/SSA ဦးဆောင်သည့်တပ်ပေါင်းစုအဖွဲ့က ကုန်းပေါင်းကျေးရွာ ဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ကျေးရွာတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ကျည်ထိမှန်ဒဏ်ရာရသူများမှာ ကုန်းပေါင်းကျေးရွာနေ (၁) အိုက်လွေ အသက် ၃၀ နှစ် ဘယ်ရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ တစ်ချက် (၂) အေးဟွမ် အသက် (၁၅) နှစ် ဘယ်ခြေဖမိုး ဒဏ်ရာတစ်ချက်၊ ဘယ်ပေါင်ဖောက်ဝင်ဒဏ်ရာတစ်ချက် နှင့်  ဘယ်လက်ချောင်းထိမှန်ဒဏ်ရာတစ်ချက် (၃) အေးငင်း အသက် (၆) နှစ် ဘယ်လက်ဖမိုးဖောက်ဝင်ဒဏ်ရာရ (၄) အေးလင်း အသက် ၃၀ နှစ် ဘယ်ပေါင်ထိုးဖောက်ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးကို မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း သိရသည်။

မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက – ကုန်းပေါင်းရွာထဲကို လက်နက်ကြီးတွေ ကျတယ်၊ ပေါက်ကွဲသံတွေ ခဏခဏကြားနေရတယ်၊ ၁၀ လုံးလောက်တော့ရှိမယ်ဟု ပြောသည်။

ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းပေါင်းကျေးရွာ နှင့် ကုန်းလှိုင်းကျေးရွာမှ ရာနှင့်ချီသည့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပန်ကေတုကျေးရွာအုပ်စု ကုန်းလှိုင်းကျေးရွာ စာသင်ကျောင်း၊ စျေး နှင့် နားနေကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံနေသည့် ဟိုခဲကျေးရွာအုပ်စု ဒေသခံများကလည်း ကုန်းလှိုင်းကျေးရွာဒေသခံများနှင့်အတူ မိုင်းကိုင်မြို့နှင့် ပန်ကေတုကျေးရွာဘက်သို့ ထပ်ကွမ်းတိမ်းရှောင်ခဲ့သော်လည်း ပန်ကေတုအနီးတွင် လုံခြုံရေးယူနေသည့် အာဏာသိမ်းစစ်တပ်၏ ဟန့်တားခြင်းကိုခံခဲ့ရသေးကြောင်း သိရသည်။

မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး SSPP/SSA ဦးဆောင်သည့် တပ်ပေါင်းစုအဖွဲ့က မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း လှုပ်ရှားသည့် RCSS/SSA တပ်ဖွဲ့အား အဆက်မပြတ် ထိုးစစ်ဆင်သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကာ မိုင်းကိုင်ဒေသခံ ၃၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဖြစ်သည်။

မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နှင့် ပန်ကေတုကျေးရွာအုပ်စုတွင် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့အထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာလျှက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

Taifreedom