ဘုန်းကြီးကျောင်းတွင်း မောင်းထွက်လာသည့် ဆွမ်းကပ်ပြန် ဒေသခံကားအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းတွင် ဘုန်းကြီးကျောင်းတွင်း ဆွမ်းကပ်လှူပြီး အိမ်ပြန်ရန် ဘုန်းတော်ကြီးကျောင်းဝင်းမှ မောင်းထွက်လာသည့် ဒေသခံကားတစ်စီးအား ‌ကျောင်းဝင်းတံခါးပေါက်မှ ရဲတပ်ဖွဲ့ဝင် ၅ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ တာချီလိတ်မြို့နယ် မိုင်းဖုံးကျေးရွာအုပ်စုတွင်း မိုင်းဖုံး‌ကျေးရွာအုပ်စု သံဃာတော်များ ပါရိဝဂ္ဂ တည်ဆောက်နေသည့် ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး သေနတ်ပစ်ခံရသည့် ကားပိုင်ရှင် အမျိုးသမီးသည် ပါရိဝဂ္ဂ တည်ဆောက်နေသည့် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပြီး ကားဖြင့် အိမ်ပြန်ရန် ဘုန်းကြီးကျောင်းအတွင်းမှ မောင်းထွက်လာစဥ် ကျောင်းတံခါးဝ ဆိုင်တစ်ဆိုင်တွင် တည်ရှိနေသည့် ရဲတပ်ဖွဲ့ဝင် ၅ ဦးခန့်မှ ၎င်းအမျိုးသမီး၏ကားအား သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ၊ ကားဘီး နှင့် ကားကိုယ်ထည်သာထိမှန်ပြီး ကားမောင်းသည့် ကားပိုင်းရှင်မှာမူ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း မျက်မြင်ဒေသခံ တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်၍ အခင်းဖြစ်ပွားချိန်၌ သက်သေခံအဖြစ် ဓါတ်ပုံရိုက်ခြင်း ၊ Video ရိုက်ကူးခြင်းများအား ရဲတပ်ဖွဲ့မှ တားမြစ်ခြင်း၊  ရိုက်ကူးခြင်းခွင့်မပြုသည့် အပြင် ပျက်ဆီးသွားသည့် ကားအတွက် တာဝန်ယူ လျော်ကြေးပေးချေခြင်းမရှိကြောင်း သိရှိရသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး အကယ်၍ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်သည့် ရပ်ကြီးရွာကြီးများမှ ပြစ်မှုကျူးလွန်သည့် ရဲများအား အရေးယူခြင်းမရှိပါက နောက်နှောင်မှာ ဒီထက်မက အပြစ်မရှိသည့် ဒေသခံများအပေါ် ပြစ်မှုကျူးလွန်မည်ကို စိုးရိမ်နေကြောင်း ဆရာတော်တစ်ပါးမှ မိန့်ကြားခဲ့သည်။

Taifreedom

Facebook

သတင်း