ဖောင်တော်ဦးကျောင်းတိုက် ဘကဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် သျှမ်းစာပေသင်တန်း နှင့် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်

သံဃာတော်များဦးဆောင်ပြီး မန္တလေးမမြို့ ဖောင်တော်ဦးကျောင်းတိုက်တွင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် သျှမ်းစာပေသင်တန်း နှင့် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသင်တန်းသည် တစ်ပတ်မှာ နှစ်ရက် စနေ ၊ တနဂၤနွေ သာသင်ကြားပေးမည်ဖြစ်ပြီး စနေနေ့တွင် လာရောက်သင်ကြားသည့်ကျောင်းသားကျောင်းသူမှာ အခြေခံတန်း ၃၈ ဦး နှင့် ပထမတန်း ၄၆ ဦး ပေါင်း ၈၄ ဦးရှိပြီး တနဂၤနွေနေ့တွင် လာရောက်သင်ကြားသည့်ကျောင်းသားကျောင်းသူမှာ အခြေခံတန်း ၁၅ ဦး ၊ ပထမတန်း ၂၇ ဦး ၊ဒုတိယတန်း ၁၇ ဦး ၊ တတိယတန်း ၂၃ ဦးနှင့် စတုတ္ထတန်း ၂၉ ဦး ပေါင်း ၁၁၁ ဦး ရှိကြောင်း သိရသည်။

အခုလို သျှမ်းစာသင်တန်း နှင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရာတွင် ခေတ်သစ်မျိုးဆက်သစ်များ သျှမ်းဘာသာစကား နှင့် သျှမ်းစာပေ တက်မြောက်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပညာဒါနအဖြစ် စာအုပ် ၊ ခဲတံ ၊ စာပေ စသည့် စာရေးကရိယာများ နှင့် စာသင်ရာတွင် သုံးသည့် ကရိယာများ ၊ ငွေဝတ္ထုများ လှူဒါန်းလိုသော စေတနာရှင်များအတွက် ဆရာတော် ဝိသုတ္တ ဖောင်တော်ဦးကျောင်းတိုက် ဘကဘုန်းတော်ကြီးသင်ပညာသင်ကျောင်း ၊ ၁၉ လမ်း ၊ ၅၆-၆၀ လမ်းကြား ၊ မန္တလေးမြို့  ဖုန်းနံပါတ် ၀၉၂၆၆၆၉၈၇၉၂ တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း