ပွဲလည်နေသည့် ဒေသခံပြည်သူအား TNLA တပ်ဖွဲ့မှ ရိုက်နှက်ပြီး သတင်းထွက်ပေါ်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင် TNLA တပ်ဖွဲ့မှ ပွဲလည်နေသည့် ဒေသခံပြည်သူအား ရိုက်နှက်မှုများပြုလုပ်သည့်အပြင် သတင်းထွက်ပေါ်လျှင် သတ်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအုပ်စုတွင်း တပေါင်းပွဲလည်နေသည့် မိုင်းအယိုင် အား TNLA တပ်ဖွဲ့မှ ဘယ်ဖက် မျက်ခုံး နှင့် နားရွက်တွင် သွေးယိုပြင်းထန်ဒဏ်ရာ ရရှိသည်အထိ ရိုက်နှက်ခဲ့ပြီး အနီးတစ်ဝိုက်တွင် ဖုန်းပြောနေသော မိုင်းညီစွမ်းအားလည်း ရိုက်နှက်ကာ ဤကိစ္စအား မိဘတွေသွားတိုင်လျှင် သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

TNLA တပ်ဖွဲ့သည် ဒေသခံပြည်သူများအပေါ် ရိုက်နှက်နှိပ်စက်ခြင်း ၊ ခြိမ်းခြောက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ မကြာခဏ ကျူးလွန်ခဲ့သော်လည်း ၎င်းတို့ ကျူးလွန်မှုအပေါ် တာဝန်ယူမှု မရှိကြောင်း ၎င်းမှ ဆက်လက်ပြောပြခဲ့ပါသည်။

၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် မန်စံမိုင်းမု ကျေးရွာအုပ်စုတွင် TNLA တပ်ဖွဲ့ထံ အိမ်ထောင်စု စာရင်းများအား လာရောက်ကောက်ခံစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ညပိုင်းတွင် သားသမီး ၂ ဦးရှိသော အိမ်ထောင်တွေကို သားဖြစ်သူအား TNLA တပ်ဖွဲ့ထံ စစ်မှုထမ်းဆောင်ရန်အတွက် အိမ်ပေါ်ထိ အဓမ္မလိုက်လှံဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါသည်။

Taifreedom