ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၂ ဦးတွေ့

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုလိုနာဗိုင်းရပ်စ် Coronavirus disease (COVID-19) ရောဂါကူးစက်ခံရသူ ၂ ဦးတွေ့ရှိထားကြောင်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်တွင် ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

COVID-19ရောဂါဖြစ်ပွားသူ ၂ ဦးမှာ အမေရိကန်နိုင်ငံမှ ပြန်လာသည့် ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သည့် အသက် (၃၆) နှစ် အမျိုးသားတစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လာ၍ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine)ထားသည့် အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ပြီးပါသည်။

၎င်းတို့လူနာ ၂ ဦးအား တီးတိန်ဆေးရုံနှင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဆက်လက်ပို့ဆောင်၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသား ၂ ဦးတို့နှင့် ထိတွေ့ခဲ့သူများ အားလုံးကိုလည်း စုံစမ်းဖော်ထုတ်စစ်ဆေး၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွာမည်ဟု ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများ နှင့် ပြည်နယ်အသီးသီးရှိဆေးရုံများတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့အထိ စောင့်ကြည့်လူနာ / သံသယလူနာတွေ့ရှိမှုအခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် (၈၈) ဦး ၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၇ ဦး ၊ သျှမ်းပြည်တွင် ၃၀ ဦး နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် (၅၉)ဦး စုစုပေါင်း (၂၁၄)ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း