ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါဓါတ်ခွဲအတည်ပြုလူနာ ၁၁၁ ရှိပြီး

ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရှိပြီး စုစုပေါင်းဓါတ်ခွဲအတည်ပြုလူနာ ၁၁၁ ဦးအနက် ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးမတွေ့ရှိတော့သည့် လူနာ ၂ ဦးထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထပ်မံတွေ့ရှိရသည့် ဓါတ်ခွဲအတည်ပြုလူနာ ၄ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၊ သဃႅန်းကျွန်းမြို့နယ် ၊ ဗိုလ်တထောင်မြို့နယ် နှင့် လှိုင်သာယာမြို့နယ်တွင်း နေထိုင်သူဖြစ်ပြီး ၎င်းတို့မှာ အင်းစိန်ပြည်သူ့ဆေးရုံ ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံ နှင့် ရန်ကုန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရှိရသည်။

၎င်းတို့အပြင် ရန်ကုန်တိုင်း ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၁၁ နှင့် အမှတ် ၁၅ တို့အား ၂ ကြိမ်တိတိ ဓါတ်ခွဲစစ်ဆေးရာ ၂ ကြိမ်လုံး COVID 19 ရောဂါပိုးမတွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ယခုချိန် ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါဓါတ်ခွဲအတည်ပြုလူနာ ၁၁၁ ရှိပြီး ယင်းတို့အနက် လူနာ ၅ ဦးသေဆုံးကာ လူနာ ၇ ဦးမှာ ပြန်လည်ကောင်းမွန်လာပြီး ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးမတွေ့ရှိတော့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း