ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ ၉ ထပ်မံတွေ့ရှိ

ပြည်ထောင်စုမြန်မာနိုင်ငံတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ်  (COVID 19) ကူးစက်ခံရသူ ၉ ဦးထပ်မံတွေ့ရှိပြီး  COVID 19 ရောဂါဓါတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၉၄ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၁ ဦး နှင့် ကလေးမြို့တွင် အသွားအလာကန့်သတ်ထားသူ ၁ ဦး စုစုပေါင်း ၃ ဦး ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိရပြီး လူနာအမှတ် ၃ ၊ လူနာအမှတ် ၉ နှင့် လူနာအမှတ် ၁၂ တို့အား ၂ ကြိမ်ထပ်မံစစ်ဆေးခဲ့ရာ ၂ ကြိမ်လုံး COVID 19 ရောဂါပိုးတွေ့ရှိမှုမရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

၎င်းအပြင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓါတ်ခွဲစစ်ဆေးမှုအရ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၃ ဦး ၊ ရန်ကုန်အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၂ ဦး နှင့် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၁ ဦး စုစုပေါင်း ၆ ဦးတို့မှ COVID 19 ရောဂါပိုးတွေ့ရှိရပြီး ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၈၆ အမှာ ဝေဘာဂီဆေးအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေစဥ် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ သွေးတိုးရောဂါအခံနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ကြောင့် ယနေ့နံနက် ၂ နာရီ ၅၅ မိနစ်တွင် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁၈ရက်နေ့ နံနက် ၁၀ နာရီတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ယခုချိန် ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါဓါတ်ခွဲတည်ပြုလူနာ ၉၄ ရှိပြီး ယင်းတို့အနက် လူနာ ၅ ဦးသေဆုံးကာ လူနာ ၅ ဦးမှာ ပြန်လည်ကောင်းမွန်လာပြီး ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးမတွေ့ရှိတော့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း