ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ ၃ ဦးတွေ့ရှိပြီး လူနာ ၁ ဦး ထပ်မံသေဆုံး

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၃ ဦးထပ်မံတွေ့ရှိပြီး လူနာတစ်ဦးမှာ ဓါတ်ခွဲအတည်ပြုစစ်ဆေးမှု အဖြေမသိရခင် သေဆုံးသွားခဲ့ကြောင်း ၂၀၂၀ ခုနှစ်  ဧပြီလ ၁၂ ရက်နေ့  ည (၈:၀၀) နာရီ နှင့် ယနေ့  ၂၀၂၀ ခုနှစ်  ဧပြီလ ၁၃ ရက်နေ့  နံနက် (၀၀:၃၀) နာရီ အချိန်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဓါတ်ခွဲအတည်ပြုလူနာ နံပါတ် ၄၀ (Case-40)သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် ၆၈ နှစ်အရွယ်  အမျိုးသမီး ၁ ဦးဖြစ်ပြီး ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၈ နှင့် အမှတ် ၂၈ တို့၏ မိသားစုဝင်ဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့တွင် မောပန်းခြင်း ၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများခံစားရသဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးကူးစက်ခံရကြောင်း သိရှရပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် ၃၈ နှစ်မရွယ် အမျိုးသားတစ်ဦးသည် ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၂၄၊ အမှတ် ၃၄ ၊ အမှတ် ၃၅ ၊ အမှတ် ၃၆ နှင့် အမှတ် ၃၇ တို့နှင့်အတူ ဘာသာရေးအခမ်းအနား တက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိပြီး  ဧပြီလ ၆ ရက်နေမှစ၍ အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း ၊ နုံးချိခြင်း စသည့် လက္ခဏာများ ခံစားရသော်လည်း ပြင်းထန်မှုမရှိသဖြင့် ဆေးရုံသို့သွားရောက် ပြသခြင်းမရှိခဲ့ပေ၊ ဧပြီလ ၁၂ ရက်နေ့တွင် ၎င်းလက္ခဏာများ ထပ်မံခံစားရပြီး အင်းစိန်ဆေးရုံကြီးသို့ သွားရောက်ပြသရာ စောင့်ကြည်လူနာအဖြစ်သတ်မှတ်၍ ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးကူးစက်ခံရကြောင်း သိရှရသဖြင့် ၎င်းအား အင်းစိန်ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွဲပြောင်းကုသရန် စီစဥ်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့  ဧပြီလ ၁၃ ရက်နေ့  နံနက်(၀၀:၃၀) နာရီ တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

၎င်းတို့အပြင် ဓါတ်ခွဲအတည်ပြုလူနာ နံပါတ် ၃၉ (Case-39)သည် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည်လွန်ခဲ့သော ၁၄ ရက်အတွင်း ပြည်ပနိုင်ငံသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိပြီး ဧပြီလ ၉ ရက်နေ့တွင် အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း လက္ခဏာခံစားရပြီး ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသရာ စောင့်ကြည့်လူနာအဖြင့် သတ်မှတ်၍ ဓါတ်ခွဲစစ်ဆေးမှုအဖြေအထွက်ခင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့် တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ၊ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ နှင့် နှလုံးကြောကျဥ်းရောဂါအခံဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၂ ရက်နေ့  ည ၈ နာရီ ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ယခုအချိန် ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၄၁ ဦးမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၈)ဦး၊ ရှမ်းပြည် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ ရှမ်းပြည် တောင်ကြီးမြို့‌တော် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၅)ဦး တို့ဖြစ်ပြီး လူနာ ၄ ဦး သေဆုံးကာ ကျန့်သည့် လူနာ ၂ ဦး မှာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးမတွေ့ရှိသဖြင့် သတ်မှတ်သည့် နေရာတွင် အသွားအလာကန့်သတ်ခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း