ပြစ်ဒဏ်ကျခံသူ (၁၆၇) ဦးအား RCSS လွတ်ပေး

တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်နှင့် ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည့်အတိုင်း RCSS၏ ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၄၀) ဦးအား လွတ်ပေးပြီး တွေ့ဆုံပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲအား RCSS၏ ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး အရာရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော ပြစ်ဒဏ်ကျခံသူများ တက်ရောက်ခဲ့ပါသည်။

တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို ကြိုဆိုသောအားဖြင့် RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် ပြစ်ဒဏ်ကျခံသူများ စုစုပေါင်း (၁၆၇) ဦးအား ဇန်နဝါရီလ ၁၈ ရက်မှစ၍ လွတ်ပေးသွားမည်ဟု ထုတ်ပြန်ကြေညာသည့်အတိုင်း RCSS၏ ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၄၀) ဦးအား လွတ်ပေးပြီး တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့သည့်အပြင် RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်း အသီးသီးမှ ပြစ်ဒဏ်ကျခံသူ (၂၇) ဦးကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လွတ်ပေးခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း